အလုပ်​​လျှောက်​​တော့မယ်​ဆိုရင်

Resume/CV (သို့) ကိုယ်ရေးရာဇဝင်ဆိုတာ ဘာလဲ
ကိုယ်ရေးရာဇဝင် သည် အလုပ်ရရန်အတွက် ပထမဆုံး ခြေလှမ်းတစ်ခုဖြစ်သည်။ ကိုယ်ရေးရာဇဝင်များသည် သင့်အား အင်တာဗျူးများ ရစေပြီး၊ ၄င်းတို့မှတဆင့် အလုပ်ခေါ်လွှာများ ရရှိစေပါသည်။

ကိုယ်ရေးရာဇဝင် သည်
• အလုပ်လျှောက်မည့်သူ၏ အကောင်းဆုံး စွမ်းဆောင်နိုင်ရည်များနှင့် အတွေ့အကြုံများအတွက် ကိုယ်ပိုင်ကြော်ငြာ ဖြစ်ပါသည်။
• အလုပ်ရှင်၏ အာရုံကို ဖမ်းစားနိုင်ပြီး၊ အခြားသော အလုပ်ရှာသူများထဲမှ ဝန်ထမ်းလောင်းလျာအား ခွဲခြားသိမြင်စေသည်။ကိုယ်ရေးရာဇဝင်ကောင်းကောင်းဖြစ်ဖို့ ဘာတွေပါဝင်သလဲ
• ကျစ်လျစ်ပြည့်စုံမှု၊ အတိုချုံးနိုင်မှုနှင့် လိုရင်းသို့ရောက်မှု
• သင်၏ ကျွမ်းကျင်မှုများနှင့် အောင်မြင်မှုများကို အသားပေးဖော်ပြပေးသည်
• ကျွမ်းကျင်စွာ ရေးသားတင်ပြထားခြင်း – ဥပမာ ကောင်းမွန်စွာ စာစီထားခြင်း၊ ပုံမှန် ဘေး margin များဖြင့် သပ်ရပ်စွာ ဖွဲ့စည်းတင်ပြခြင်း၊ ထူးခြားဆန်းပြားသော font များ၊ ရုပ်ပုံများ၊ အရောင်ပါ စာရွက်များ မသုံးစွဲထားခြင်း၊
• စာလုံးပေါင်းအမှား၊ သဒ္ဒါအမှား၊ ပုဒ်ဖြတ်ပုဒ်ရပ်အမှား၊ ပုံနှိပ်အမှားများ မပါဝင်ပဲ မှန်ကန်စွာ ရေးသားထားခြင်း

ကိုယ်ရေးရာဇဝင်က ဘယ်လောက်ရှည်သင့်သလဲ
အတိအကျသတ်မှတ်ထားခြင်းမရှိသော်လည်း အကြမ်းဖျဉ်းအားဖြင့် A4 အရွယ်အစား စာမျက်နှာ (၂) ရွက် ထက် မပိုသင့်ပေ။

ကိုယ်ရေးရာဇဝင်တစ်ခုတည်းဖြင့် အလုပ်အားလုံးကို လျှောက်ထားသင့်သလား?
ကိုယ်ရေးရာဇဝင်ကို မိမိလျှောက်ထားမည့် အလုပ်ရာထူးနှင့် သင့်လျော်အောင် ပြင်ဆင်ရေးသားရမည်။ ၄င်းရာထူးအတွက် ကိုက်ညီသော အောင်မြင်မှုများ၊ ကျွမ်းကျင်မှုများနှင့် လုပ်သက်ကျွမ်းကျင်မှုတို့ကို မီးမောင်းထိုး ဖော်ပြရမည်။

ကိုယ်ရေးရာဇဝင် ရေးသားပြီးလျှင် ဘာဆက်လုပ်ရမလဲ?
နောက်ဆုံးရေးသားပြီးသည့် စာမူကြမ်းကို စီစစ်ဖတ်ပေးမည့် လူနှစ်ယောက် ရှာပါ။ နောက်နေ့တွင် တစ်ခေါက် ပြန်ဖတ်ပြီးမှ cover letter တွဲ၍ ပို့ပါ။ Cover letter sample ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Comments