လူငယ်

လူဆိုတာ အတ္တတော့ရှိတယ်. လူဆိုတာ အတ္တတော့ရှိတယ်... ကိုယ်ကျိုးအတွက် သူများဆီက အမြတ်ထုပ်ဖို့တော့မဟုတ်ဘူး..... ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်လျောက်ဖို့ဖြစ်တယ်... မာနတော့ရှိတယ်.... ဘဝင်မြင့်ပြီး ထောင်လွှားနေဖို့မဟုတ်ဘူး... ကိုယ့်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ကာကွယ်ဖို့သာဖြစ်တယ်.... လောဘတော့ရှိတယ်.... မထိုက်တန်တဲ့ အခွင့်အရေးကို လိုချင်တပ်မက်နေဖို့ မဟုတ်ဘူး.... ကိုယ်လိုချင်တာတွေအတွက် ထိုက်တန်တဲ့ပေးဆပ်မှုနဲ့ မှန်မှန်ကန်ကန် ရယူဖို့သာဖြစ်တယ်.... ဒေါသတော့ရှိတယ်.... အာဃာတတွေကို ရင်ထဲမှာသိမ်းပိုက်ထားပြီး တငွေ့ငွေ့ပူလောင်နေဖို့မဟုတ်ဘူး.... ကိုယ့်ရဲ့ငြိမ်းအေးမှုကို ပြန်လည်တည်ဆောက်နိုင်ရမယ်.... နာကျင်ကြေကွဲစရာတွေတော့ရှိတယ်... တသက်လုံးညီးညူ ဝမ်းနည်းနေဖို့တော့ မဟုတ်ဘူး.... ခလုပ်တိုက်မိရင်လဲ ပြန်ထပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ရှင်သန်နေနိုင်ရမယ်... စိတ်ဓာတ်ကျတဲ့အခါတော့ရှိတယ်..... သောကထဲမှာ တသက်လုံးနစ်နေဖို့တော့ မဟုတ်ဘူး.... ဖြစ်သင့်တာနဲ့ ဖြစ်လာတာဆိုတဲ့ အခြေအနေနှစ်ခုကြား စိတ်ထားတတ်အောင် ကြိုးစားပြီး မတ်မတ်ပြန်ရပ်နိုင်ရမယ်..... Admin~WPH~ I Would like to share this with you. Here You Can Download This Application from PlayStore https://play.google.com/store/apps/details?id=com.shweapps.myanmaraccluunge

Comments